အာရုဏနှင့် မြန်မာ့ဓါတ်ပုံမော်ကွန်းတို့က ပူးပေါင်းပြီး မြန်မာ့ဓါတ်ပုံဟောင်းများကို အခြေခံပြီး လူထုအတွေးအခေါ် အရေးအသားများကို ဖိတ်ခေါ်လိုက်ပါသည်။ စာရေးသူ၊ ကဗျာရေးသူ၊ ပညာရှင်များ၊ မော်ကွန်းသုတေသနပညာရှင်များ၊ အနုပညာရှင်များနှင့် မြန်မာပြည်အကြောင်း စိတ်ဝင်စားသူများနှင့် မြန်မာပြည်နှင့် ပတ်သက်ဆက်နွယ်နေသူများ မည်သူမဆို အကြောင်းအရာအလိုက် စုစည်းထားသော မြန်မာဓါတ်ပုံဟောင်းများအပေါ် တွေးမြင်ခံစားချက်များကို မိမိကြိုက်နှစ်သက်ရာ မီဒီယန်၊ နည်းလမ်းများအလိုက် တွေးခေါ်သုံးသပ်ပေးရန် ဖိတ်ခေါ်လိုက်ပါသည်။ ဤတွေးခေါ်ချက်များသည် ပညာရှင်ဆန်ကောင်း ဆန်နိူင်သလို ကိုယ်တွေ့ အတွေ့အကြုံများပေါ်မှာလည်း မူတည်နိူင်ပါသည်။
အတွေးအခေါ်များကို စတင်ရန် လွယ်ကူစေကြောင်း ဓါတ်ပုံများနှင့်တကွ မေးခွန်းအချို့ကိုပါ ထည့်သွင်းပေးထားသော်လည်း ဤမေးခွန်းများကိုသာ သုံးသပ်စေရမည် မဟုတ်ပါ။ မိမိ ကြိုက်နှစ်သက်ရာ၊ စိတ်ဝင်စားရာများကို မိမိစိတ်ဝင်စားရာ ခေါင်းစဥ်အလိုက် ဖြန့်ကျက်စဥ်းစားစေလိုပါသည်။
Aruna Global South partnering with Myanmar Photo Archive calls for public reflections on a series of photographs in the Myanmar Photo Archive. Writers, poets, scholars, archivists, artists, thinkers with interests in and kinship to Myanmar are welcome to think alongside and beyond a series of images and produce a reflection in a medium and method of their choice (such as film, poetry, sound, photography, and more). Reflections can be scholarly and/or personal. A series of prompt questions are provided to give the contributors a starting point. They are by no means the only answers that we are looking for. We strongly encourage the contributors to use the photographs and prompts as a jumping point to engage with and reflect on each theme.
For more information, see here.
For more on Myanmar Photo Archive, see here.
